Several Thai and Burmese groups are planning to congregate in Mae Sot and march from just outside Mae Sot to the Myawaddy Bridge on International Peace Day, September 21st. The march intends to symbolize inter-faith solidarity for peace, against nuclear enrichment and civil war in Burma and to commemorate the peaceful march of Burmese monks that was violently crushed on September 18th 2007.
For more information click here
Sep, 18 | Category: Burma | Write a comment
မြ၀တီမြို့သည် ထိုင်း၊ မြန်မာနယ်စပ်မြို့ဖြစ်၍ အနယ်နယ်၊ အရပ်ရပ်မှ လာရောက်အလုပ်လုပ်ကိုင် အခြေချ
နေထိုင်မှုကြောင့် လူဦးရေများပြားပြီး စည်ပင်သာယာသော မြို့တစ်မြို့ဖြစ်ကာ မြ၀တီမြို့၏ လူနေထူထပ်
သော ကြံခင်း အမှတ် ( ၃ ) ရပ်ကွက်တွင် စည်ပင်သာယာမှ အုပ်ချုပ်မှုမရှိသော ကြံခင်းဈေးရှိပြီး ထိုဈေးကို
အမှတ် ( ၃ ) ရပ်ကွက် ဥက္ကဌ ( ကြံ့ဖွံ့စည်းရုံးရေးမှုး ) ရွှေတင် မှ အုပ်ချုပ်ကိုင်တွယ်၍ စီမံခန့်ခွဲပါသည်။
၎င်းဈေးတွင် ဆင်းရဲသား လက်လုပ်လက်စားအများစု ရောင်းဝယ်ဖောက်ကားသောဈေးဖြစ်သည်နှင့်အညီ
အမှတ် ( ၃ )္ကဌ ( ကြံ့ဖွံ့စည်းရုံးရေးမှုး ) ရွှေတင် မှတပည့်များမွေးကာ ပျံကျသားငါးအရောင်းတန်းတွင် မိမိ
သဘောဖြင့် ဆိုင်ခန်းဆောက်လုပ်၍ တခန်းလျှင် တစ်သိန်းခွဲတန်၊ တစ်သိန်းတန်၊ နှစ်မျိုးခွဲပြီး ကိုယ်ကျိုးစီး
ပွားအတွက် ရောင်းချကာ ကုန်စိမ်း၊ မုန့်ပဲသရေစာများရောင်းချသော နေရာများတွင် အဓမ္မဆိုင်နေရာသိမ်း
ခြင်း၊ သိမ်းပြီးနေရာအား တပည့်များမှတဆင့် ၀မ်းစာအတွက်ဈေးရောင်းသော ဆင်းရဲသားများအား ရောင်း
ချခြင်း၊ ဌါးရမ်းခြင်းများပြုလုပ်၍ ဈေးအတွင်း ကုန်စိမ်း၊ ကုန်ခြောက်၊ မုန့်ပဲသရေစာ ဆိုင်ပေါင်း ၃၀၀ ကျော်
အား ဈေးကောက်ကောင်ခြင်းအပြင် အမှတ် ( ၃ ) ဥက္ကဌ ( ကြံ့ဖွံ့စည်းရုံးရေးမှုး ) ရွှေတင်မှ သန့်ရှင်းရေးကြေး ၁၀၀ ကျပ်၊ ဈေးပြုပြင်ရေးအတွက် ၁၀၀ ကျပ် ကို ၂၀၀၆ ခုနှစ်မှ ၃၁.၈.၂၀၀၉ အထိ
ကောက်ခံခဲ့ပါသည်။ အများပြည်သူ့ပိုင်ငွေများအား ဘဏ်တွင်လည်းအပ်နှံခြင်းမရှိ၊ မည်သည့်ဈေးအတွင်း
ပြုပြင်မှုလည်းမရှိဘဲ ကိုယ်ကျိုးအတွက် တပည့်များနှင့်ခွဲဝေသုံးစွဲပြီး ၁.၉.၀၉ မှစ၍ ဈေးအတွင်းရှိ ဈေးသူ
ဈေးသားများကို ၅ လပိုင်း မေလ မှစ၍ ငွေကောက်ခံကြောင်း ဘယ်သူမေးမေး ပြောရမည်။ လျှာရှည်ပါက
ရပ်ကွက်အတွင်း ဧည့်စာရင်းပိတ်မည်၊ ဓါတ်ပုံရိုက်ပြီးတရားစွဲမည်ဟု ဈေးသည်များအား လိုက်လံပြောဆို
ခြိမ်းခြောက်ပါသည်။ ဈေးသူဈေးသားများထံမှ ကောက်ခံထားသော ငွေများမှာ သိန်းပေါင်း ၆၀၀ ခန့်ရှိပြီး ထို
ငွေများကို စာရင်းမဲ့လုပ်ချင်တိုင်းလုပ်ပြီး ( ၁.၉.၀၉ ငွေမကောက်တော့ပါ ) ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ဖိစီး
ဆောင်ရွက်ခြင်း အများပြည်သူပိုင်ငွေများကို အလွဲသုံးစားပြုခြင်းကို မြို့နယ်ခရိုင်တာဝန်ရှိသူများမှ မျှဝေ
ယူကာ မသိဟန်ဆောင်နေ၍ ဆင်းရဲသား တဗန်း၊ တရွက် ရောင်းချသော ဈေးသည်များအတွက် လွန်စွာ
ဆုံးရှုံးမှုသာ ဖြစ်သည်ဟု ဈေးသူဈေးသားများမှ ပြောဆိုနေကြပါသည်။
Sep, 12 | Category: Burma | Write a comment