လက်ချိုးလို့တွက်ရေစစ်ရင်
ခရစ်နှစ်က 1945 ခုနှစ်
မွေးတဲ့လက ဂျွန်လတစ်ဆယ့်ကိုး
တစ်ကမ္ဘာလုံးက မော်ကွန်းထိုးလို့ မှတ်တမ်းတင်
ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုရှင်
အောင်ဆန်းဆုကြည်သခင်ရဲ့
အသက် (၆၄) နှစ်ပြည့်
အားလုံးမမေ့နိုင်တဲ့
မွေးနေ့မြတ်ပေါ့သူငယ်ချင်း
ဒေါ်စုပေးတဲ့ ငြိမ်းချမ်းရေးအလင်း
ဒို့ပြည်မှာ လင်းခဲ့လို့
အားလုံးအလင်းရ
တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကုန်ကြပြီသူငယ်ချင်း
ဒို့ရဲ့မြန်မာပြည်မှာ(၄၇)နှစ်ကြာ
စစ်အာဏာအမှောင်ကျ
အားလုံးကန်းကုန်ကြလို့
လမ်းတွေလည်းပျောက်
ဘယ်လျှောက်ရမှန်းမသိ
ထွက်ရာလမ်းမသိ ဖြေမရှိချိန်
ဒေါ်အောင်ဆန်းစုကြည်ကဦးဆောင်လို့မီးထွန်းပြ
ငြိမ်းချမ်းရေး အလင်းရောင်ရကြလို့
ဒို့တစ်တွေညီညွတ်ကြကာ လက်တွဲလျှောက်
ဟောတစ်ယောက် ဟောတစ်ယောက်နဲ့
အာဏာရှင်တွေလည်း တဖြည်းဖြည်းပျောက်သွား
ဒီလိုသာရှေ့ ဆက်သွားကြရင်
ဒို့ရဲ့မြန်မာပြည်မှာ
အာဏာရှင်မှိုင်းတွေ ကွာကာကျ
တစ်နေ့ ဒီမိုကရေစီ အမှန်ရမှာမို့
ဒေါ်စုရဲ့ အသက် (၆၄) ပြည့်မွေးနေ့မြတ်မှတည်
အသက်ရာကျော် ရှည်ပါစေကြောင်း
ဒို့တတွေ အားလုံးက
စုပေါင်းလို့ လက်အုပ်ချီ
ဘုရား၊ တရား၊ သံဃာ တွေနား
ချဉ်းကပ်သွားလို့ ကုသိုလ်ပြု
ဒို့ပြုသမျှကောင်းမှု
မွေးနေ့ရှင်ဒေါ်စု
သာဓုခေါ်လို့ အန္တရာယ်တွေကင်း
ဘေးကင်းလို့ ကျန်းမာ
စိတ်ချမ်းသာစွာဖြင့်
ငြိမ်းချမ်းရေးအလင်းတန်း
မြန်မာမက ကမ္ဘာကျအောင်
ထွန်းတောက်နိုင်ပါစေ
တောင်းဆုချွေသည်
ဆုတောင်းတိုင်းသာ ပြည့်ပါစေ။
[...]