အရိုက်ကြမ်းခြင်းနဲ့ 
စည်းကမ်းသေဝပ်ခြင်းကို
ရာစုနှစ်အတော်များများ
ညီမျှခြင်းထိုးခဲ့ကြ…….
အဲ့ဒိဒေသက
အစွယ်ပြူးပြူးခွေးဘီလူးတွေ
ဒီမိုကရေစီကိုအင်ထုလိုက်တာ
စည်းကမ်းပြည်ဝသောဒီမိုကရေစီဆိုပဲ
အခုရေတွင်းတူး အခုရေကြည်သောက်မရတဲ့ ဒီမိုကရေစီဆိုပဲ
ထွီး………
ခွေးပါးစပ်ကနတ်စကားထွက်လို့ 
ကျွန်ဇာတ်သွင်းပေါ်လစီအနန္တနဲ့ 
ရိုင်းလိုက်တဲ့ဖြစ်စဉ်တွေ
နစ်ဝင်နေဖို့ မလိုဘူးဟေ့……….
အပြစ်မြင်တာ
ဒီနေရာမှာ မှန်တယ်။ ။ကိုကိုဇင်



အာဇာနည်ပီသသည့်သင့်ရဲ့ သွေး
သတ္တိသွေးရဲရဲမွေးလော့
ဒီတခါနွှဲမဲ့သပိတ်
နောက်ဆုံးပိတ်မို့ 
သင့်ရဲ့ သွေး နီမနီ
အာဇာနည် ပီမပီ
ဒို့ သိချင်ပြီ။
သင့်သွေးမနီလို့ အာဇာနည်မပီသရင်
ဝါကျင့်ကျင့်သင့်သွေးရောင်
သွေးကြောင်ရင်
ဘေးရှောင်နေလိုက်
သင်လိုလူမိုက် ဒို့ နဲ့ မလိုက်လဲ
ဒို့ ကတော့
ဒို့ သံဃာတွေအတွက်
ဒို့ ကျောင်းသားတွေအတွက်
ဒို့ ပြည်သူတွေအတွက်
ဒို့ သွေးတွေပေးကာစပ်
ဒို့ အသက်တွေပါ ထွက်ပါစေ
ဒို့ ဘဝကိုပေးကာဝေမည်
အာဇာနည်ပီသသူတို့ ရဲ့ သွေး
ရဲရဲနီသည် ရဲရဲမွေးသည်
လိုက်ရဲတဲ့သူ လိုက်ကြလော့………..။
မင်းသုည(ကွမ်းခြံကုန်း)