တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
ပထမအကြိမ် 1990ပြည့်ကာလ
မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့
န.အ.ဖ စစ်တပ်ပြစ်သက်လို့ ဇီဝိန်ကြွေ
သံဃာတွေသေကြေကြ
ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့
ဒို့ တတွေခေါင်းငုံ့ မခံ
တွန်းလှန်မယ်ဆိုပြီး
ဘုရားပေးတဲ့ကမ္မဝါ
ပတ္တနိက္ကုဇ္ဖနာကို
စုပေါင်းခါရွတ်ဆိုကြ
သပိတ်မှောက်ခဲ့ကြပေါ့
ဒါပေမဲ့မျိုးယုတ်န.အ.ဖ
သံဃာကိုပစ်ကာသက်
တိပိဋကပါမကျန်လပ်ခံရ
ဆရာတော်တွေထောင်ထဲစံရပေါ့
ဒုတိယအကြိမ်
2007စက်တင်ဘာကာလ
သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့
တို့ တတွေလုံးဝလက်မခံတွန်းလှန်မယ်ဆိုပြီး
သပိတ်မှောက်ကမ္မဝါပတ္တနိက္ကုဇ္ဇနာကို
စုပေါင်းကာရွတ်ဖတ်ကြ
မေတ္တာပို့ ချီတက်ဆန္ဒပြကြပေါ့
ဒါပေမဲ့န.အ.ဖ ဘယ်သူ့ ကိုမှမခ
မာန်မာနတွေထောင်ကာကြွပြီး
သေနက်နဲ့ ပစ်သတ်ရက်ရက်စက်စက်
ညှင်းပန်းနှိပ်စက်ယုတ်မာနေကြ
သံဃာသွေးတွေကျောင်းသားပြည်သူသွေးတွေ
မြေမှာခကြရပေါ့
ဒီလိုသာတသက်လုံးခံခဲ့ကြရင်
ဒို့ သာသနာဒို့ ပြည်ရွာကို
မိစ္ဆာတွေလက်ဝကွက်အပ်ရလိမ့်မယ်
လာမည့်စက်တင်ဘာ၁၇ရက်နေ့ 
ဒါဟာ န.အ.ဖ ကိုပေးမဲ့မန့်ဒိတ်
ဖန်းဆီးထားသံဃာများကိုချွင်းချက်မရှိ
ချက်ချင်းလွှတ်
မိမိမှားယွင်းကြောင်းပြန်တောင်းပန်
ဒီနှစ်တန်ဒင်းတို့ လက်မခံက
လာမည့်စက်တင်ဘာ၁၈ရက်နေ့
တတိယအကြိမ်သပိတ်
အဆုံးသတ်တိုက်ပွဲ
ဒို့ ဆင်နွှဲကြမယ်
ရဟန်းသံဃာကျောင်းသားပြည်သူ
အားလုံးအသင့်ပြင်ထားကြ….
မင်းသုည ကွမ်းခြံကုန်း
တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ
Mar, 28 | Category: Burma | | Write a comment
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြိုးပန်းကြပါစို့ 
Mar, 26 | Category: Burma | | Write a comment
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြိုးပန်းကြပါစို့ ………..
ပြည်သူအပေါင်းတို့  ယနေ့ န.အ.ဖ စစ်အာဏာရှင်အစိုးရ၏ အကျဉ်းစခန်းအသီးသီးတွင်အကျဉ်းကျခံအနှိပ်
စက်ခံနေရသောသံဃာတော်များ၊သီလရှင်ဆရာလေးများ၊နိုင်ငံခေါင်းဆောင်များ၊ပြည်သူပြည်သားများသည်
အလကားအကျဉ်းကျခံနေရခြင်းမဟုတ် သန်း(၅၀)ကျော်သောမြန်မာပြည်သူလူထုကြီးကိုန.အ.ဖ-စစ်ဘီလူး
သာသနာဖျက်မိစ္ဆာကောင်များလက်မှလွတ်မြောက်အောင်အသက်ပေးကြိုးပမ်းကြရင်း အကျဉ်းကျခံအနှိပ်
စက်ခံနေကြရခြင်းဖြစ်သည်။
မိမိတို့ ပြည်သူလူထု လွတ်မြောက်ရေးအတွက် အသက်ပေးသူတွေ ပေးခဲ့ကြသည်။ အကျဉ်းကျခံ၍ ဘ၀စတေးခံသူတွေက စတေးခံနေကြရသည်။ ထိုအချက်ကို ပြည်သူအားလုံး မမေ့သင့်ကြပေ။ တိုင်းပြည်အတွက်ဘဝကိုစတေးပြီးအကျဉ်းကျခံ အနှိပ်စက်ခံနေကြရသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွတ်မြောက်ရေး အတွက် ရဟန်းသံဃာနှင့် ပြည်သူလူထုတရပ်လုံး၌ လုံးဝတာဝန်ရှိသည်။
လာမည့် ၁၃၇၁ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ ၁၇ရက် ဧပြီလ ၂၀၀၉ခုနှစ် သောကြာနေ့တွင် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက်ငါးလွှတ်ပွဲနှင့်ကြက်ငှက်ကျွဲနွားစသောတိရစ္ဆာန်များ ဘေးမဲ့လွှတ်ပွဲကို နေရာတိုင်းတက်ညီလက်ညီဖြင့်ဝင်းဝန်းကျင်းပရန်———-
မြန်မာနိုင်ငံအတွင်းကျရောက်နေသောသာသနာ့အန္တရာယ်များကိုဝိုင်းဝန်းကာကွယ်သောအားဖြင့် ကျောင်းတိုင်း၊ အိမ်တိုင်း၊ လမ်းတိုင်း၊ နေရာအသီးသီးတွင် သာသနာ့အောင်လံများကို ရဲရဲရင့်ရင့် တက်ညီလက်ညီဖြင့် ဝိုင်းဝန်းစိုက်ထူဖြန်ဝေကြရန်————-
ပရိတ်တရား စီဒီနှင့်ဗီစီဒီခွေများကို ကက်ဆက်၊တီဗီ၊ဆောင်းဘောက်၊ ဟွန်းစသည့်စက်ဖြင့် တနေကုန်အသံ အကျယ်ဆုံးဖွင့်ပေးထားကြရန်———-
မြန်မာနိုင်ငံအတွင်းကျရောက်နေသော [...]
