peace march 2007

Print | Email


Dec, 15 | Category: ABMA | 1 Comment




“ ၂၀၁၁ ’’ သေဆုံးခြင်း

နီရဲတဲ့သွေးစက်တွေနဲ့ ..။

ပူနွေးတဲ့ မျက်ရည်စက်တွေနဲ့..။

သေနတ်သံတွေ တဒိုင်းဒိုင်းကြားမှာ

အရိုးတွေ အပြိုင်းပြိုင်းထတွေနဲ့..။

နာကြင်မှုတွေကြောင့်

တဟီးဟီး ညီးသံတွေနဲ့..။

စွန့်စားမှုတွေကြောင့်

တဟိုက်ဟိုက် မောဟိုက်သံတွေနဲ့..။

“ ၂၀၁၁”ဆိုတဲ့ သက္ကရာဇ်

ဟောဒီကမ္ဘာကြီးကို

သူပစ်သွားပြီ။

ငလျင်၊ မီးတောင်

မုန်တိုင်းနှင့် ဒီရေတွေပေါတဲ့

ဟောဒီကမ္ဘာကြီးကို

သူထားခဲ့ပြီ။

(ပြီးတော့) သူလက်ထက်မှာပြည့်တဲ့

သန်း ၇၀၀၀ ကုန်သော လူသားတွေကိုလဲ

သူမေ့ထားခဲ့ပြီ။

ဟောဒီကမ္ဘာကြီးကို သူရဲ့နှုတ်မှ

“ ၂၀၁၂ မှာ ပျော်ရွှင်ခြင်းတွေနဲ့ဖြတ်သန်းနိုင်ပါစေ” ဟုဆုတောင်းပြီး

သူသေသွားလေသည်။

မောင်ပြည်ချစ်

(၃၁.၁၂.၂၀၁၂)

Print | Email


Dec, 31 | Category: Burma | Comments Off




၂၀၁၁ခုနှစ် အထင်ကရ ဖြစ်စဉ်များ
(မြန်မာနိုင်ငံဖြစ်စဉ်များ)
ဇန်န၀ါရီလ အတွင်း။ ။ မြန်မာနိုင်ငံ အစိုးရသစ်လက်ထက် ပထမဆုံးလွှတ်တော်ကို နေပြည်တော်တွင် ကျင်းပခေါ်ယူသည်။
မတ် ၃၀။ ။နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသစ်အဖွဲ့သည် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာ ပြုခဲ့ကြသည်။
မတ်လ ၂၄။ ။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ခရိုင်အတွင်းရှိ တာလေ၊ မိုင်းလင်းစသော မြို့နယ်များတွင် ပြင်းအာ ရစ်ခ်ျတာစကေး ၆.၈ အဆင့်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ငလျင်ဒဏ်ကြောင့် အဆိုပါမြို့ရွာများမှ အဆောက်အဦးများပြိုကျပျက်စီးခဲ့ပြီး သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်သော စာရင်းများအရ လူ ၇၄ ဦးသေဆုံးခဲ့ကြောင်းသိရသည်။(လူသေစာရင်းမတိ ကျချေ။)
ဧပြီ ၉။ ။ နိုင်ငံကျော် စာရေးဆရာကြီးပါရဂူသည် နှလုံးရောဂါဖြင့် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးခန်းတွင်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်သည်။
မေ ၁၇။ ။သမ္မတအစိုးရသစ်လက်ထက် သမ္မတမှ ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာသည်။ အကျဉ်းသား ၄၆၀၀ ကျော်ကို လွှတ်ပေးသည့်အနက် နိုင်ငံရေးအကျဉ်းသား ၅၀ သာပါဝင်သည်။
ဇွန်လ အတွင်း။ ။ကချင်ပြည်နယ်အတွင်း တော်လှန်ရေးတိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသားများ သောင်းနှင့်ချီပြီး တရုတ်ပြည်တွင်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြရသည်။
ဇူလိုင်လအတွင်း။ ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်ပြီးနောက် ပထမဆုံးသော ပြည်ပခရီးစဉ်အဖြစ် ပုဂံညောင်ဦးသို့ ဘုရားဖူးထွက်ခဲ့သည်။
သြဂုတ် ၁၄။ ။ နိုင်ငံကျော် ဒဿနစာရေးဆရာ နန္ဒသိန်းဇံသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အဆုတ်ရောဂါဖြင့်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သည်။
သြဂုတ်လ ၁၉။ ။မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်တွင်တွေ့ဆုံကြသည်။
စက်တင်ဘာ ၁၉။ ။ယာဉ်မှတ်ပုံတင်သက်တမ်း အနှစ် ၂၀ ကျော်မှ အနှစ်၄၀ကျော်အထိရှိသော ကားအိုကားဟောင်းများကို ပြန်သိမ်းကာ ကားဟောင်းများအစား ကားအသစ်များအစားထိုးတင်သွင်း ခွင့်ပြုတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာမှကြေညာပြီး ယာဉ်အပ်နှံမှုကို စတင်လက်ခံခဲ့သည်။
စက်တင်ဘာ ၃၀။ ။မြန်မာနိုင်ငံတော်သမ္မအမိန့်ဖြင့် ဆက်လက်တည်ဆောက်မည့် မြစ်ဆုံရေကာ တာစီမံကိန်းကို ၎င်းင်း၏သမ္မတသက်တမ်းတလျှောက်တွင်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အမိန့်ထုတ် ပြန်သည်။
အောက်တိုဘာ ၁၂။ ။သမ္မတမှဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာသည်။ အကျဉ်းသားပေါင်း ၆၀၀၀ ကျော်လွှတ်မြောက်ကြသည်။ ဟာသသရုပ်ဆောင်ဇာဂနာနှင့် နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်ခဲ့ကြသည်။
အောက်တိုဘာ ၂၀။ ။မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြိုတစ်ခရိုင်လုံးတွင် မိုးသက်မုန်တိုင်းကျရောက်ကာ ပခုက္ကူ ရွှေချောင်းတံတားတစ်စင်းကျိုးပြီး ပခုက္ကူမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၁၅ ရွာ၊ အိမ်ခြေ ၂၀၀၀ ၀န်းကျင် ရေမြုပ်စေခဲ့ပြီး အိမ်ခြေ ၈၀၀ နီးပါး ပျက်စီးခဲ့ပါသည်။ ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၇ အိမ်၊ ရေမျောအိမ်ခြေ ၁၃၀၀၀ ခန့်ပျက်စီးကာ ပေါက်နယ်၌ ကျေးရွာပေါင်း ၃၅ ရွာ၊ ရေမြုပ်အိမ် ခြေ ၂၄၀၀ ကျော်၊ ရေမြုပ်အိမ်ခြေ ၃၀၀ ကျော်၊ ပျက်စီးမျောပါအိမ်ခြေ ၁၀၀ ကျော်ရှိကြောင်းလည်း သိရှိရပါသည်။ ပခုက္ကူတစ်ခရိုင်လုံး၏ ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းပေါင်း ၁၅၀၀၀ ကျော်ရှိပြီး ရေဘေးသင့်ပြည်သူ လူဦးရေ နှစ်သောင်းကျော် ရှိသည်။
နိုဝင်ဘာလ၁၇။ ။ ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဌရာထူးယူရန် အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ ၁၉ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များ သဘောတူညီခဲ့ကြသည်။
နိုဝင်ဘာလ ၁၈။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၎င်းပါတီကို နိုင်ငံရေးပါတီအဖြစ် တရားဝင်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်မည်ဟုကြေငြာသည်။
နိုဝင်ဘာ ၃၀။ ။အနှစ် ၅၀ အတွင်း မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိသော အမေရိကန်ထိပ်တန်းအရာရှိ နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ရောက်ရှိ။ နိုင်ငံတော်သမ္မ၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဌ၊ သက်ဆိုင်ရာဌာန အသီးသီးမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံသွားသည်။
ဒီဇင်ဘာ ၃။ ။ ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အမှီရိုက်ကူးမည်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးရန် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံကျော် အရုပ်ရှင်အနုပညာရှင်များနှင့် မိမိ၏နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဒီဇင်ဘာ ၁၅။ ။အမျိုးသာစာပေဆုနှင့် ပခုက္ကူဦးအုန်းဖေစာပေဆုရရှိသူ စာရေးဆရာ ညွန့်ဝေ(ကသာ) သည် ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံတွင် ကင်ဆာရောဂါဖြင့်ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၈၀ ရှိပြီဖြစ်သည်။
ဒီဇင်ဘာ ၂၉။ ။ရန်ကုန်မြို့မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက် ဂိုဒေါင်တစ်ခုမှ ပေါက်ကွဲမှုတစ်ခုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ဒဏ်ရာရရှိသူ(၇၈) ဦးရှိပြီး သေဆုံးသူ (၁၇) ဦးခန့်ရှိခဲ့သည်။ သေဆုံးသူများထဲတွင် (၆) ဦးမှာ မီးတပ်ဖွဲ့ဝင်များဖြစ်သည်။ မီးဘေးကြောင့် ဂိုဒေါင်(၁၆)လုံး၊မီးသတ်ကားနှစ်စီးနှင့် နေအိမ်များမီးလောင်ကျွမ်းသွားရသည်။
ယေဘူယျအားဖြင့် ၁၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံသည်နိုင်ငံရေး ပြောင်းလဲမှုများရှိခဲ့ပါသည်။နှစ် ၂၀ ခန့် လောက် မှေးမှိန်နေခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်ပက်သက်သည့် စာအုပ်၊ ဓာတ်ပုံ၊ ပိုစတာများ လွတ်လပ်စွာထုတ်ဝေခွင့်ရေးသားခွင့်များရှိလာခဲ့သည်။ ယခင်ကဖေါ်ပြခွင့်မရှိသော ဂျာနယ်၊ မဂ္ဂဇင်းများတွင် နိုင်ငံရေးနှင့် စပ်လျဉ်းသော စာများကိုလဲ ထုတ်ဝေဖေါ်ပြခွင့်များရှိလာသည်။ သို့သော်လည်း ယခင်စနစ်မှ မပြောင်းလဲသေးသော အချက်များလည်းရှိသေးသည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း တို့လည်း စသည့် သဘာဝဘေးအန္တရယ်များယခုနှစ်မိုးတွင်းပိုင်းတွင်ဖြစ်ပွားခဲ့ပါသည်။ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ရေကြီးခြင်းဒဏ်ကို ပြင်းထန်စွာခံစားကြရပါသည်။ နိုင်ငံနှင့်တစ်ဝှမ်း ကားမှောက်မှု၊ ကားတိုက်မှုများစွာလည်း ဖြစ်ပွားခဲ့ပါသည်။
(ကမ္ဘာ့ဖြစ်ရပ်များ)
မတ် ၁၁။ ။ပြင်းအား ရစ်ခ်ျစကေး ၉ ရှိသော အင်းအားပြင်းငလျင်ကြောင့် ဂျပန်နိုင်ငံ ဖူကူရှီးမား မြို့တွင် ဆူနာမီလှိုင်းလုံးကြီးများရိုက်ကာ လူပေါင်း သောင်းကျော် သေဆုံးကြရပြီး၊ အဆောက်အဦများစွာ ပျက်ဆီးခဲ့သည်။
မေ ၁။ ။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးစင်တာညီနောင်ကို ဦးဆောင်အကြမ်းဖက်တိုက်ခိုက်ခဲ့သော အိုစမာဘင်လဒင်ကို အမေရိကန်အထူးတပ်ဖွဲ့က ပါကစ္စတန်နိုင်ငံမြောက်ပိုင်းတွင် အသေဖမ်းမိပြီဖြစ်ကြောင်း အိုဘားမားမှ ကမ္ဘာတစ်ဝှမ်းသို့ကြေညာခဲ့သည်။
ဇူလိုင် ၉။ ။ ကမ္ဘာပေါ်တွင် တောင်ဆူဒန်နိုင်ငံသစ် တရားဝင်စတင်ထူထောင်ခဲ့သည်။ ၎င်းနိုင်ငံ၏ ပထမဆုံးသမ္မတမှာ ဆယ်ဗာကီရာမာယာဒမ်ဖြစ်သည်။
အောက်တိုဘာ ၂၀။ ။ လစ်ဗျားနိုင်ငံကို အနှစ် ၄၀ ကျော်ကြာ အုပ်ချုပ်လာခဲ့တဲ့ အာဏာရှင် ကဒါဖီကို ကဒါဖီဆန့်ကျင်ရေးအဖွဲ့နှင့် နေတိုးတပ်ဖွဲ့တို့ပူးပေါင်းပြီး လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီမြို့ရေလွှတ်မြောင်းတစ်နေရာတွင် အသေဖမ်းမိခဲ့သည်။
အောက်တိုဘာ ၂၁။ ။ အီရတ်နိုင်ငံမှ အမေရိကန်တပ်ဖွဲ့အားလုံး ယခုနှစ်မကုန်ခင် ဆုတ်ခွါမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရတ်အိုဘားမား ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၃၁။ ။ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ ထောင်ရှိပြီဟု ကုလသမ္မဂမှ ကမ္ဘာတစ်ဝှမ်းသို့ကြေညာခဲ့သည်။
အောက်တိုဘာလအတွင်း။ ။ ထိုင်းနိုင်ငံ၏ ဆယ်စုနှစ်အတွင်းအကြီးဆုံးဖြစ်သော ရေကြီးမှု တွင် လူပေါင်း ၆၀၀ ကျော် သေဆုံးခဲ့ပြီး လူပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။
ဒီဇင်ဘာ ၁၇။ ။ မြောက်ကိုရီးယားနိုင်ငံကို ၁၇ နှစ်ကျော်ကြာအုပ်ချုပ်လာခဲ့သော မြောက်ကိုရီးယားခေါင်းဆောင်ကင်ကျုံအီးလ်သည် ရထားဖြင့်ခရီးသွားနေစဉ် ရုတ်တရက် နှလုံးခုန်ရပ်တန့်ပြီးသေဆုံးသွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၉ ရှိပြီဖြစ်သည်။
ဒီဇင်ဘာ ၁၈။ ။ ကတ္တီပါတော်လှန်ရေးကို ရဲရင့်စွာ ဦးဆောင်တော်လှန်၍ ကမ္ဘာ လေးစားခြင်းကိုခံခဲ့ရသော ချက်စလိုဗက်ကီးယားသမ္မတနှင့် ချက်သမ္မဟောင်းဖြစ်သူ ဗားဆလဗ်ဟာဗယ်သည် အသက် ၇၅ နှစ်အရွယ်ဖြင့်ကွယ်လွန်ခဲ့သည်။
(ဤဖြစ်ရပ်များကို အပတ်စဉ်ထုတ်မြန်မာသတင်းစာများနှင့် အင်တာနက်ဝက်ဆိုဒ်တို့မှ စုစည်းတင်ပြခြင်းဖြစ်ပါသည်။)
တင်မောင်ဆွေ

Print | Email


Dec, 31 | Category: Burma | Comments Off




ကချင်ပြည်နယ်

ဧရာဝတီကို မွေးဖွားတဲ့နရာ

ခါကာဘိုရာဇီတောင်ခြေကနေရာ

ကျောက်စိမ်းတွင်းရှိတဲ့နေရာ

အင်းတော်ကြီးကြည်တဲ့နေရာ

အဲဒီ့နေရာ….

မြန်မာပြည်မြောက်ဖျားပိုင်းက

ကချင်ပြည်နယ်ဆိုတဲ့နေရာ….

အဲဒီက ကချင်တိုင်းရင်းတိုင်းသားတွေ

(ယခင်က) တောတောင်ကိုအမှီပြုလို့

ကိုယ့်ဝမ်းစာကိုယ်ရှာ

ကိုယ့်အလုပ်ကိုယ်လုပ်လို့

ငြိမ်းချမ်း သာယာ ကြည်လင်တဲ့နေရာ

ယခု…။

သွေးညှီနံ့တွေ..

ယမ်းငွေ့နံ့တွေ..

ညှော်နံ့တွေ..

လေမှာပျံ့လွင်လို့။

`တဟုန်းဟုန်း´မီးလျှံသံတွေ..

`တဖြောင်းဖြောင်း´ ၀ါးသစ်ကွဲသံတွေ..

သေနတ်သံတွေ..

ဗုံးသံတွေ..

လေမှာပျံ့လွင့်လို့။

လူသေအလောင်းတွေ..

သွေးအိုင်တွေ

ပြာကျသွားတဲ့ အိမ်တိုင်အတိုအရှည်တွေ

မြေမှာအထင်းသား။

ဒါရဲ့ စစ်ရဲ့အနိဌာရုံတွေပေါ့

ကချင်ပြည်သူတွေက မြေဇာပင်

ကျွဲနှစ်ကောင်က ခတ်လို့ကောင်းတုန်း

`ကျွဲပိုင်ရှင်တွေရေ ကျွဲတွေလာထိန်းကြပါဦး´လို့

မေတ္တာရပ်ချင်တယ်

ငြိမ်းချမ်းပါစ ကချင်ပြည်နယ်..။

မောင်ပြည်ချစ်

Print | Email


Dec, 23 | Category: Burma | Comments Off




ကချင်ပြည်နယ်

ဧရာဝတီကို မွေးဖွားတဲ့နရာ

ခါကာဘိုရာဇီတောင်ခြေကနေရာ

ကျောက်စိမ်းတွင်းရှိတဲ့နေရာ

အင်းတော်ကြီးကြည်တဲ့နေရာ

အဲဒီ့နေရာ….

မြန်မာပြည်မြောက်ဖျားပိုင်းက

ကချင်ပြည်နယ်ဆိုတဲ့နေရာ….

အဲဒီက ကချင်တိုင်းရင်းတိုင်းသားတွေ

(ယခင်က) တောတောင်ကိုအမှီပြုလို့

ကိုယ့်ဝမ်းစာကိုယ်ရှာ

ကိုယ့်အလုပ်ကိုယ်လုပ်လို့

ငြိမ်းချမ်း သာယာ ကြည်လင်တဲ့နေရာ

ယခု…။

သွေးညှီနံ့တွေ..

ယမ်းငွေ့နံ့တွေ..

ညှော်နံ့တွေ..

လေမှာပျံ့လွင်လို့။

`တဟုန်းဟုန်း´မီးလျှံသံတွေ..

`တဖြောင်းဖြောင်း´ ၀ါးသစ်ကွဲသံတွေ..

သေနတ်သံတွေ..

ဗုံးသံတွေ..

လေမှာပျံ့လွင့်လို့။

လူသေအလောင်းတွေ..

သွေးအိုင်တွေ

ပြာကျသွားတဲ့ အိမ်တိုင်အတိုအရှည်တွေ

မြေမှာအထင်းသား။

ဒါရဲ့ စစ်ရဲ့အနိဌာရုံတွေပေါ့

ကချင်ပြည်သူတွေက မြေဇာပင်

ကျွဲနှစ်ကောင်က ခတ်လို့ကောင်းတုန်း

`ကျွဲပိုင်ရှင်တွေရေ ကျွဲတွေလာထိန်းကြပါဦး´လို့

မေတ္တာရပ်ချင်တယ်

ငြိမ်းချမ်းပါစ ကချင်ပြည်နယ်..။

မောင်ပြည်ချစ်

Print | Email


Dec, 23 | Category: Burma | Comments Off




တူမလေးက ဥာဏ်အကောင်းလှကြီး မဟုတ်ပါဘူး။ သူ့ရဲ့အစ်ကို ကဥာဏ်ပိုကောင်းပါတယ်။ ဒါပေမဲ့ ၀ီရိယအားနည်းတယ်။ တူမလေးကတော့ ၀ီရိယကိစ္စမှာ သူ့အစ်ကို ထက် သာလွန်တယ်။ မီးထိုးပေးနေစရာ မလိုပါဘူး။ မီးမောင်းထိုးပြလိုက် ရုံပါပဲ။ သူ့ဖာသာသူလျှောက်လှမ်းသွားနိုင်ပါတယ်။ ငယ်စဉ်ကတည်း က ပုံမှန်ကျောင်းတက်ပညာ ဆည်းပူးခြင်း(Formal Schooling) ကို သမားရိုးကျအတိုင်း လုပ်ဆောင်လာခဲ့တယ်။ တစ်နေ့နေ့မှာ အသီးအပွင့်အကျိုးရလဒ်တွေ ခံစားစံစားရမှာပဲလို့လည်း သူယုံကြည်နေတယ်။ ယုံကြည်တဲ့အတိုင်းလည်း မှန်မှန်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်တူမလေး ကိုပံ့ပိုးဖြည့်ဆည်းပေးခဲ့ဖူးတာ ဆိုလို့ သူအခြေခံပညာ ကျောင်းသူဘ၀က အခြေခံ အင်္ဂလိပ်စာဝါကျရေးနည်းနဲ့ မတတ်မဖြစ် သဒ္ဒါလေးတွေသင်ပေးခဲ့ဖူးတာပဲ ရှိပါတယ်။ သူတို့ မောင်နှမ က အိမ်မှာလာနေကြတာကိုး။

အပြောင်းအလဲဆိုတာ လောကကြီးရဲ့နိယာမတရားပါပဲ။ အနိမ့်အမြင့်၊ အတက်အကျဆိုတာလည်း ဒွန်တွဲနေကျ။ အလင်းနဲ့အမှောင်ကလည်း သူတစ်လှည့် ကိုယ်တစ်ခါလေ။ ဒီကနေ့ အာရပ်ကမ္ဘာရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေဟာ တားဆီးလို့ မရနိုင်ပါဘူး။ အားနဲ့အင်နဲ့၊ အရှိန်နဲ့ အဟုန်နဲ့ တစ်မုဟုတ်ချင်း ပြောင်းလဲနေကြတယ်။ ထင်မှတ်မထားတာတွေ ဆက်တိုက်ဆိုသလို ဖြစ်ပျက်ခဲ့တယ်။ ပြည်သူလူထု အများစုရဲ့ အိပ်မက်အောင်ပွဲတွေပါပဲ။

သက်ဦးဆံပိုင်စနစ်ကို ဖြတ်သန်းခဲ့ပြီး ကိုလိုနီနယ်ချဲ့ခေတ်ကို ကျော်လွန်လာခဲ့တဲ့ မြန်မာပြည်။ လွတ်လပ်ရေးရပြီး ဆယ်စုနှစ်တစ်ခု အကျော်လောက်မှာပဲ တစ်ဖန်ပြန်ပြီး အမှောင်ကျခဲ့ရတယ်။ အမှောင်ထုအတွင်းမှာ ဘယ်ပညာအပင်မှ မရှင်သန်နိုင်ပါဘူး။ မဖြစ်ထွန်းပါဘူး။
မြန်မာလူမျိုးတွေ အင်္ဂလိပ်စာ မထူးချွန်ကြဘူးလား။ သင်ပေးလို့ မတတ်ပေဘူးလား။ သမိုင်းသက်သေ ရှိပါတယ်။ တက္ကသိုလ်သမိုင်းခုံရုံးမှာ အမိတက္ကသိုလ်ရဲ့ ဖွားဘက်တော် ဘွဲ့နှင်းသဘင်ခန်းမကြီး က ဖြောင့်ချက်ပေး ထွက်ဆိုပါလိမ့်မယ်။ သစ်ပုပ်ပင်ကြီးက သက်သေ လိုက်ပါလိမ့်မယ်။ ဦးရွှေဇံအောင်၊ ဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်နဲ့ ဒေါ်ခင်မျိုးချစ်တို့က စံထားပြယုဂ်တွေပါ။

အိန္ဒိယက ကာလကတ္တား တက္ကသိုလ်ပြီးရင် အာရှတစ်လွှားမှာ နာမည်ကျော်ကြားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကြီးကလည်း အသံတိတ်လို့ အိပ်ပျော်သွားခဲ့ပါတယ်။ နိုင်ငံကိုဦးဆောင်မယ့် ပညာရှင်တွေ မွေးထုတ်ပေးခဲ့တဲ့ အမိမာတာတက္ကသိုလ်။ အမေ ပြန်လည်နိုးလာပြီး သားကောင်းသမီး မြတ်အလှရတနာတွေ မွေးပေးလှည့်ပါဦး။ ဆုံးမစကားတွေ မြွက်ကြားလှည့်ပါဦး။ ဦးဆောင်လမ်းပြ ဆောင်ရွက်လှည့်ပါဦး အမေ။

ဒီခေတ်မှာ လူတိုင်းသိပါတယ်။ ပြောင်းလဲမှုက မြန်ဆန်တယ်။ ယှဉ် ပြိုင်မှုကလည်း ဘက်ပေါင်းစုံ။ ဆက်သွယ်ရေး နည်းပညာတွေမြင့်မား တိုးတက်လာတာကြောင့် ကမ္ဘာကြီးက ပြားသွားပြီ။ တစ်ဖြောင့်တည်းမြင်နိုင် ပြီ။ ရှေးခေတ်ကလို မိတ္ထီလာပြည်တော်ကြီးဆီကို တောတောင်လျှိုမြောင် တွေဖြတ်ကျော်ပြီး အဋ္ဌာရသပညာတွေ သွားသင်နေစရာမလိုတော့ပါဘူး။ အိမ်မှာထိုင်နေရင်း ခလုတ်လေးတွေ နှိပ်ကာတို့ကာ ဆည်းပူးလို့ရနိုင်ပါပြီ။ ခေတ်သစ်ရဲ့အင်တာနက်ကျေးဇူးကြောင့်ပေါ့။

တစ်ခုပဲရှိတာက ဘယ်ပညာရပ်ကိုမဆို လူတွေဟာ ဘာသာစကား အားကိုးနဲ့သင်ယူရပါတယ်။ နားနဲ့ မျက်စိကို သုံးရတယ်။ အရင်ကတော့ ကိုယ့်အရပ်ကိုယ့်ဒေသ ကွက်ကွက်လေး မှာ ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ပဲ သင်ကြားလေ့လာခဲ့ရတယ်။ အခုတော့ အပြောကျယ်လှတဲ့ ကမ္ဘာ့ပညာရပ်အသီးသီးကို သင်ယူနိုင်ရုံမက နိုင်ငံတကာဆက်ဆံရေးမှာပါ အရေးအပါဆုံးမို့ ထိပ်တန်းရောက် သရဖူဆောင်းနေတဲ့ ဘာသာစကားကရှိနေပါပြီ။ သိကြတဲ့အတိုင်း ဂြိုဟ်ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာ (Planet Language: English)ပေါ့။ ကမ္ဘာ့ ပညာရပ်အလုံးစုံကို လွှမ်းခြုံငုံမိထားပါတယ်။

၂၁ ရာစုမုခ်ဦးအ၀င်မှာ ကမ္ဘာ့ ကုလသမဂ္ဂ၊ ယူနီဆက်အဖွဲ့က ကမ္ဘာ့မျိုးဆက်သစ် လူငယ်တွေအတွက် ဘာသာစကားဆိုင်ရာ လမ်းညွှန်အကြံပေးချက်တစ်ခု ထုတ်ပြန်ကြေညာခဲ့ပါ တယ်။ ဒီခေတ်သစ်မှာ ရှင်သန်အောင်မြင်ချင်ရင် ဘာသာစကားလေးမျိုး တတ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဒီလေးမျိုးကတော့ ၁။ မိခင်ဘာသာ စကား (Mother Language) ၊ ၂။ နိုင်ငံတကာသုံးဘာသာစကား (International Language) ၊ ၃။ ဒေသ ဆိုင်ရာဘာသာစကား (Regional Language) ၊ ၄။ ကွန်ပျူတာဘာသာစကား (Computer Language) တို့ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာလူငယ်တစ်ဦးအဖို့ မိခင်ဘာသာစကားက မြန်မာစာ။ နိုင်ငံတကာဘာသာစကားက အင်္ဂလိပ်စာ။ ဒေသဆိုင်ရာ ဘာသာစကားက ဥပမာ-အရှေ့တိုင်းဆိုရင် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးစသဖြင့်ပေါ့။ အနောက်တိုင်းကဆိုရင် စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ရုရှားစသဖြင့်လေ။ လိုအပ်ချက်အပေါ် မူတည်ပြီးလေ့လာသင်ယူ ထားရုံပါပဲ။ နောက်ဆုံးတစ်ခုက Computer Literate ဆိုတဲ့စကား အဓိပ္ပာယ်အရ ကွန်ပျူတာ ဘာသာစကားကို ကျွမ်းကျင်ထားဖို့လိုမယ်။ စာတတ်ရင် ကမ္ဘာတစ်ခြမ်း မြင်နိုင်မယ်။ ဒါ့ထက် ကွန်ပျူတာ၊ အင်တာနက်၊ အိုင်တီနည်းပညာတွေ တတ်မယ်ဆိုရင်တော့ တစ်ကမ္ဘာလုံးကို မြင်အောင်ကြည့်နိုင်မယ့် ဒိဗ္ဗစက္ခုထိုးထွင်း မျက်လုံးတွေ ရလာမှာဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးစက မြန်မာနိုင်ငံမှာ ကမ္ဘာ့ပညာရပ်တွေကို မြန်မာစာနဲ့အစားထိုး သင်ကြားရေးကို နိုင်ငံတော်မူဝါဒ (State Policy) ချမှတ် ပြီး၊ ဆောင်ရွက်ခဲ့ဖူးပါတယ်။ ဂျပန်ပြည်မှာလို ပိုင်ပိုင်နိုင်နိုင်မလုပ်ဆောင် နိုင်ခဲ့တာကြောင့် သင်ယူတတ်မြောက်မှုတွေ ကျဆင်းလာခဲ့ပါတယ်။ သင်ကားသင်၏မတတ်။ ပညာရေးအဟောသိကံကိန်း ဆိုက်ခဲ့ရပါတယ်။ ခါးဆက်ပြတ်၊ မျိုးဆက်ပြတ်၊ အပိုင်းပိုင်းပြတ်နဲ့ပေါ့။

ဖွံ့ဖြိုးပြီးသား ဂျပန်နိုင်ငံမှာတောင် ၂၁ ရာစုခေတ်သစ်မှာ နောက်ကျကျန်ရစ်မှာစိုးလို့ ရေရှည်မျှော်မှန်းချက်အနေနဲ့ အင်္ဂလိပ်ဘာသာစကား အလေးထား သင်ကြားရေးကို ပီပီပြင်ပြင် ဆောင်ရွက်နေပါပြီ။ အမေရိကန် သမ္မတ အိုဘားမားရာထူး ရစကသူ့ရဲ့ မိန့်ခွန်းတွေဟာ ဂျပန်နိုင်ငံကျောင်းတွေ မှာ သင်ရိုးဖတ်စာဖြစ်လာတဲ့အထိ ရေပန်းစားခဲ့ပါတယ်။

သဘာဝ သယံဇာတ စိုးစဉ်းမျှမရှိတဲ့ စင်ကာပူပိစိကွေး နိုင်ငံလေး။ ပညာကို ဋ္ဌာပနာသွင်း၊ အင်္ဂလိပ်စာ ဖက်နဲ့ ပတ်အုပ်၊ ပေါက်စီလုပ်ပြီးစားခဲ့လို့ ထွားကျိုင်းလာခဲ့တာ ဧကန်အမှန်။ မျက်မြင်ဒိဋ္ဌ။

တောင်ကိုရီးယားနိုင်ငံမှာ လူငယ်တွေ အင်္ဂလိပ်စာ တစ်ဟုန်ထိုး တတ်မြောက်လာအောင် အားပေးတဲ့အစီအစဉ်တစ်ခုရှိတယ်။ အင်္ဂလိပ်ရွာ (English Village) တဲ့။ ဒီရွာ ဒီနေရာကို ရောက်ရင် အင်္ဂလိပ်လိုပဲ ပြောဆိုလေ့ကျင့်ရပါတယ်။

တရုတ်ကလည်း သတိလစ်မခံပါဘူး။ အသံလွှင့်ဌာနတွေ၊ ရုပ်သံလိုင်းတွေ၊ စာနယ်ဇင်းထုတ်ဝေမှု လုပ်ငန်းစတဲ့ မီဒီယာတွေမှာ အင်္ဂလိပ်စာတတ် ပြည်တော်ပြန် တရုတ်လူမျိုးတွေ ကို နေရာပေး ခန့်အပ်ထားပါတယ်။

အိန္ဒိယလူမျိုးတွေရဲ့အင်္ဂလိပ်စာ အငမ်းမရ ဖြစ်ကြပုံကတော့ ပြောပြနေစရာတောင် လိုမယ်မထင်ပါဘူး။ ကောင်းပြီးသား။ အလန်းစားပါပဲ။

ဒါဆိုရင် မြန်မာလူမျိုးတွေ အင်္ဂလိပ်စာ မထူးချွန်ကြဘူးလား။ သင်ပေးလို့ မတတ်ပေဘူးလား။ သမိုင်းသက်သေ ရှိပါတယ်။ တက္ကသိုလ်သမိုင်းခုံရုံးမှာ အမိတက္ကသိုလ်ရဲ့ ဖွားဘက်တော် ဘွဲ့နှင်းသဘင်ခန်းမကြီး က ဖြောင့်ချက်ပေး ထွက်ဆိုပါလိမ့်မယ်။ သစ်ပုပ်ပင်ကြီးက သက်သေ လိုက်ပါလိမ့်မယ်။ ဦးရွှေဇံအောင်၊ ဦးဖေမောင်တင်၊ ဒေါက်တာထင်အောင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့်နဲ့ ဒေါ်ခင်မျိုးချစ်တို့က စံထားပြယုဂ်တွေပါ။ နောက်ပြီး အမိရန်ကုန်တက္ကသိုလ်ကြီးက မွေးဖွားသန့်စင်ပေးခဲ့တဲ့ အင်္ဂလိပ်စာတတ် ရွှေအမြုတေတွေကလည်း မနည်းလှပါဘူး။ သူတို့အခါသမယကတော့ အင်္ဂလိပ်စာရဲ့ရွှေခေတ်ပေါ့ နော်။ ဒီတော့ တို့ခေတ်ရောက်မှ ညံ့ကြတော့မှာလားကွယ်။

သမိုင်းသင်ခန်းစာယူစရာတစ်ခု ရှိပါတယ်။ မြန်မာနိုင်ငံလွတ်လပ် ရေးရပြီးတဲ့နောက် နိုင်ငံတကာကို စာပေ၊ ယဉ်ကျေးမှု၊ ငြိမ်းချမ်းရေးခရီးစဉ်တွေ သွားခဲ့ရတဲ့ ငြိမ်းချမ်းရေးဖခင် မြန်မာစာပေပညာရှင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း။ သူ့ရဲ့နောင်တ တရားနဲ့ဖွင့်ဟ၀န်ခံချက်။ စာရေး ဆရာကြီး လူထုဦးလှရဲ့စာအုပ်တစ်အုပ်မှာ ဖတ်ရှုခဲ့ရဖူးပါတယ်။ ‘ငါကိုယ်တိုင် ကျွန်စာလို့ရှုမြင် သဘောထားပြီး နိုင်ငံတကာသုံး အင်္ဂလိပ်စာကို မသင်ခဲ့မိလို့ အခုတော့ ဆက်ဆံရေးနဲ့ နားလည်မှုတွေမှာ အခက်ကြုံရပြီ’တဲ့။

တကယ်တော့ ဘာသာစကား နှစ်ခုရဲ့အသံထွက်ပညာကို နှိုင်းယှဉ်ကြည့်ရင် အင်္ဂလိပ်ဘာသာစကားမှာ အသံဖြစ်ပေါ်စေတဲ့ သရသံ ၂၆ သံ ပဲရှိပါတယ်။ မြန်မာဘာသာစကား မှာဆိုရင် သရ၊ အသတ်၊ သံယုဂ်တွေ ပေါင်းလိုက်ရင် အင်္ဂလိပ်စကားသံထက် နှစ်ဆကျော်ကျော် ရှိပါတယ်။ ဒါကြောင့် စကားသံအရာမှာ မြန်မာ လူမျိုးမထွက်နိုင်တဲ့ အင်္ဂလိပ်စကားသံရယ်လို့ မရှိပါဘူး။ မှန်မှန်ကန်ကန် ပီပီသသနဲ့ အသင်ခံရဖို့ပဲ လိုပါတယ်။ ဒါနဲ့များ မြန်မာတွေဘာကြောင့်များ နှုတ်ဆွံ့နေရတာလဲ။ ကိုယ့်နောက်က လူတွေတောင် ဖလန်းဖလန်း ဖြစ်ကုန် ကြပြီလေ။

အချိန်ကာလဆိုတာ ပစ္စုပ္ပန် တည့်တည့်ကြည့်နိုင်ပါမှ အကျိုးရှိနိုင် ပါမယ်။ ယနေ့ မြန်မာနိုင်ငံမှာဘာတွေ အပြောင်းအလဲ ဖြစ်ပျက်နေပါသလဲ။ ဘယ်ပြဿနာကိုမဆို နှစ်ဖက်မျှကြည့်။ လေးဘက်လေးတန် ခြုံ ကြည့်။ အထက်အောက်ဝန်းကျင် ဖြန့်ကြည့်တတ်ဖို့ လိုပါလိမ့်မယ်။

ဗြိတိသျှနယ်ချဲ့လက်အောက်က နေ လွတ်မြောက်ခဲ့တာပဲ ၆၄ နှစ်ထဲ ရောက်နေပြီ။ မျိုးဆက်သုံးဆက်ကြာအောင် ကြိုးစားတည်ဆောက်နိုင်တဲ့ အားက မသေးငယ်လှပါဘူး။ ခဏ ခဏ ခါးတောင်းကျိုက်၊ ခတ်ကွင်း ပြင်နေရရင် အချိန်ကုန်တာသာ အဖတ်တင်ပါတယ်။

ပညာရေးကောင်းလို့ လူတစ်ဦးချင်း ဘ၀အောင်မြင်သွားကြတာတွေ၊ မိသားစုအလိုက်၊ အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက်ဖွံ့ဖြိုးတိုးတက် သွားခဲ့ကြတဲ့သာဓကတွေက အနတက္ကမပါပဲ။ မွေးတဲ့မိဘက မစောင့်ရှောက်နိုင်လို့ မွေးစားခံခဲ့ရရှာတဲ့ ကမ္ဘာ့ကွန်ပျူတာပညာရှင် စတိ(ဗ)ဂျော့ (Steve Jobs) ဆိုရင် ပညာရေခံမြေခံ ကောင်းတဲ့နိုင်ငံမှာ ကြီးပြင်းသင်ယူခွင့်ရရှိခဲ့တဲ့အ တွက်ကြောင့် ‘မနုဿအဟော သိကံ’ ဖြစ်မသွားခဲ့ပေဘူး။ လောကကြီးအတွက် အဖိုးတန်ရတနာတစ်ပါး ဖြစ်လာခဲ့ပါတယ်။

နောက်ပြီး အိမ်နီးချင်းနိုင်ငံတွေ ရဲ့ကျူးကျော်၊ နယ်ချဲ့၊ နှိပ်စက်၊ စော်ကား၊ အနိုင်ကျင့်တာတွေကို အမြဲလိုလိုခံခဲ့ရတဲ့ ရှေးခေတ်ဥရောပက နိုင်ငံငယ်တစ်ခုရှိပါတယ်။ ‘ပရပ်ရှား’ တဲ့ အားနည်းချက် အကြောင်းရင်းမှန်ကို သိသွားလို့ ပညာရေးကို ဇောက်ချပြီး နှစ် ၇၀ ရေရှည်စီမံကိန်းတွေ ချမှတ်ကာ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ နောင်တစ်ချိန်မှာတော့ အင်အားကြီးမား တန်ခိုးအရှိန်သြဇာရှိတဲ့ ဂျာမနီ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ပညာရေးကို အဓိကထား တည်ဆောက်ခဲ့တာနော်။

အကယ်၍သာ မြန်မာပြည်မှာ နိုင်ငံရေးပြဿနာ အ၀၀ပြေလည်သွားမယ်ဆိုရင် သဘာဝဘေးအန္တရာယ် နည်းပါးပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သဘာဝသယံဇာတ တွေ ထိုက်သင့်သလောက် ပြည့်စုံတဲ့ ဟောဒီရွှေနိုင်ငံဟာ လူ့စွမ်းအား အရင်းအမြစ် (Human resources) ကို မာမာချာချာရှိလာအောင် လုပ်နိုင်ရင် ပွဲပြီးပါပြီ။

ဒါကြောင့်မို့ မျိုးဆက်သစ် လူငယ်တွေဟာ မကြာခင်ပွင့်လန်းဝေဆာ လာနိုင်ခြေရှိတဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ အရပ်ရပ်ကို မျက်ခြည်မပြတ်စောင့် ကြည့်ဖို့ ၀မ်းစာဖြည့်ဆည်းထားဖို့၊ အင်အားတွေ စုဆောင်းထားကြဖို့ သတိမပေးသင့်ပေဘူးလား။ မနှိုးဆော်သင့်ပေဘူးလား။ ဦးနှောက်ကို ချာဂျင်အပြည့် သွင်းထားနှင့်ကြပေါ့။

အိပ်ပျော်နေခဲ့တဲ့၊ အမှောင်ကျနေခဲ့တဲ့၊ ပိတ်မိနေခဲ့တဲ့ “နိုင်ငံပညာ ၀ိညာဉ်’’ကို လှုပ်နှိုးချိန်တန်ပါပြီ။ “အင်္ဂ လိပ်စာနတ်ရေစင်’’နဲ့ ပက်ဖြန်းချိန် ရောက်ပါပြီ။ ကြည့်လိုက်စမ်းပါဦး။ ၂၁ ရာစုရဲ့ အတိုးတက်ဆုံး အာရှတိုက်ကြီးမှာ စီးပွားရေးကျား၊ လူမှုရေးကျား၊ ပညာရေးကျားစတဲ့ အာရှကျားတွေအဖြစ် တစ်ကောင်ပြီး တစ်ကောင် အပြိုင်းအရိုင်း ပေါ်လာနေချိန် မှာ ရွှေနိုင်ငံက ဖွတ်ကျားအဖြစ်နဲ့ သေတစ်ပန် သက်တစ်ဆုံးနေသွားမယ် ဆိုရင် ကမ္ဘာတည်သရွေ့ မြန်မာရှိနိုင်ပါတော့မလား ဆိုတာ သံသယအတွေး ၀င်စရာပါ။

ဒီတော့ အနာဂတ်မျိုးဆက်သစ် မြန်မာလူငယ်အပေါင်းတို့ရေ ကိုယ့်အချင်းချင်းနှလုံးသားကွန်ရက်၊ ဦးနှောက်ကွန်ရက်တွေ ဖြန့်ကြက်ချိတ်ဆက်ထားကြရင်း အာရောဂျ ပရမာ လာဘဆိုတဲ့အတိုင်း ကျန်းမာရေးကို ကောင်းမွန်စွာ တည်ဆောက်ပြီး ‘ပညာ သမံ အာဘံနတ္ထိ’ဆိုတဲ့အတိုင်း ပညာရေးကို မြင့်မားစွာ ထူထောင်သွားနိုင်ဖို့ မီးစိမ်းလေးတစ်ပွင့် ဖွင့်ပြလိုက်ချင်ရဲ့။

‘ဂျူးလီးယက် တရေးနိုး’ အဲယောင်လို့ ‘အင်္ဂလိပ်စာ နိုးထကြကုန်လော့’။

‘အော်-အတွေးနယ်ချဲ့မိရင်း ကနေ တူမလေးအကြောင်း ပြန်သတိလည် လာပါတယ်။ နယ်တက္ကသိုလ် တစ်ခုမှာ သရုပ်ပြဆရာမလေး လုပ်နေလို့ မတွေ့ကြတာ ကြာပြီဖြစ်တဲ့ တူမလေးဆီက ဖုန်းဆက်လာပါတယ်။ သူ့အဒေါ်ကျွန်တော့်ညီမဆီကိုပါ။ သူ့ဘာသာရပ်ကို နိုင်ငံခြားမှာ ပါရဂူဘွဲ့တက်ရောက်သင်ယူဖို့ အရွေးချယ် ခံထားရကြောင်း၊ ဒီလို ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့တာ သူငယ်ငယ်တုန်းက ကျွန်တော့်ထံမှ သင်ယူခဲ့တဲ့ အင်္ဂလိပ်စာကျေးဇူးကြောင့် ဖြစ်ကြောင်း ညီမလုပ်သူက ပြန်ပြောပြလို့ သိခဲ့ရပါတယ်။

တူမလေးရဲ့ပညာရေး အနာဂတ် ခရီးကိုမှန်းမျှော် စဉ်းစားပီတိပွားမိရင်း။

Print | Email


Dec, 14 | Category: Burma | Comments Off